ရက္ခိုင်အမျိုးသားအဖွဲ့ ချူပ်၏ထုတ်ပြန်ကြေညာချက်

ရက္ခိုင်အမျိုးသားအဖွဲ့ ချူပ်၏ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေငြာချက် အမှတ်၊(၂/၂၀၁၈) ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက် ၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း(၆)ရက် ဗမာအစိုးရ နှင့် ဗမာစစ်တပ်အဆက်ဆက်တို့သည် မိမိတို့ရခိုင်လူမျိုးများအပေါ် လူမျိုးရေးဖိနှိပ်မှုများ၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုများ၊ နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားဖမ်းဆီးထောင်ချမှုများ၊ အာဏာပြ ခြိမ်းခြောက်ပြောဆိုဆက်ဆံမှုများ၊ အပြစ်မဲ့ အရပ်သားရခိုင်ပြည်သူလူထုများအား လက်နက်ဖြင့် ဥပဒေမဲ့ပစ်ခတ်တိုက်ခိုက်မှုများ၊ လွှတ်တော်အတွင်းဒီမိုကရေစီအကြမ်းဖက်မှု၊အနိုင်ကျင့်မှုများ အပါအဝင် ဝမ်းရေးအတွက် အလုပ်အကိုင် နှင့် ဝင်ငွေရှာဖွေရန် ဗမာပြည်နေရာအနှံ့သွားလာနေကြသော မိမိတို့ရခိုင်လူမျိုးများကို လူမျိုးရေး အမုန်းတရားများဖြင့် ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။ ထို့အပြင် “ရက္ခိုင့်တပ်မတော်နှင့်ဆက်စပ်ပတ်သက်သည်”ဟူသော အကြောင်းပြချက်ဖြင့် ရခိုင်ပြည်သူလူထုများအား ပစ်မှတ်ထားကာ လုပ်ကြံစွပ်စွဲမှုများ၊အမှုဆင်ဖမ်းဆီးထောင်ချမှုများ၊ မတရားစွပ်စွဲကာဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်မှုများ ကို ဗမာအစိုးရနှင့် ဗမာစစ်တပ် တို့သည် ၂၀၁၈ တစ်နှစ်တည်း၌ပင် ခပ်စိပ်စိပ်ပြုလုပ်နေခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆) ရက်နေ့၊ ညနေ(၁၀) နာရီ (၄၅) မိနစ်တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အချာအာဏာကျဆုံးမှု […]

Read Me Leave comment

လက်ရှိသတင်းမီဒီယာများ၌ ထွက်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ အခြေအနေမှန်၊ ဖြစ်စဉ်အမှန်အား လေးစားစွာအသိပေးခြင်း

လက်ရှိသတင်းမီဒီယာများ၌ ထွက်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ အခြေအနေမှန်၊ ဖြစ်စဉ်အမှန်အား လေးစားစွာအသိပေးခြင်း

လက်ရှိ သတင်းမီဒီယာများ၌ ထွက်ပေါ်နေသည့် သတင်းနှင့်ပတ်သက်၍ အခြေအနေမှန်၊ ဖြစ်စဉ်အမှန်အားလေးစားစွာအသိပေးခြင်း အမှတ် ၂/၂၀၁၇ ၁၃၇၉ ခုနှစ်၊ နံယုန်လပြည့်ကျော် (၉)ရက် ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၈)ရက် (၁) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် ULA/AA အနေဖြင့် ၂၀၁၅ ခုနှစ် ၊မေလ (၂၂) ရက်၊ စာအမှတ် ၁/၄၀၀၄/ ၀၄၄ / စရခ-၄ ဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိုနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) မှ ရက္ခိုင့်တပ်မတော် AA ၏ပူးပေါင်းပါဝင်မှုရပ်စဲသည့်ကိစ္စအား NCCT အဖွဲ့ခေါင်းဆောင်ထံလိပ်မူပေးပို့ခဲ့ပါသည်။ (၂) ပေးပို့ရသည့်အကြောင်းမှာ ၎င်းအချိန်ကာလ၌ဦးသိန်းစိန်အစိုးရအနေဖြင့် မိမိတို့AA အပါအဝင် ကိုးကန့်၊ တအာင်း သုံးဖွဲ့၏ NCCT ထဲတွင်ပါဝင်မှုအနေအထားအား မသိကျိုးကျွံပြုကာ နိုင်ငံရေးအရ နောက်ကောက်ချန်လိုသော ဦးသိန်းစိန်အစိုးရ၏မရိုးသားသောစိတ်ထားများသိသာထင်ရှားလွန်းခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်၊မတ်လ (၂၉) ရက်နေ့နောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ဝင်များ၏ အပြစ်မရှိသော မိသားစုဆွေမျိုးများအားတမင်တကာ အမှုဆင်ပြီး အငြိုးအတေးကြီးစွာ ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်ခြင်းအပါအဝင် အခြားသောအချက်များကြောင့် […]

Read Me Leave comment

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များစတုတ္ထအကြိမ် မျက်နှာစုံညီ ပန်ခမ်းအစည်းအဝေး ထုတ်ပြန်ကြေညာချက်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များစတုတ္ထအကြိမ် မျက်နှာစုံညီ ပန်ခမ်းအစည်းအဝေး ထုတ်ပြန်ကြေညာချက်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များစတုတ္ထအကြိမ် မျက်နှာစုံညီ ပန်ခမ်းအစည်းအဝေး ထုတ်ပြန်ကြေညာချက် ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၉)ရက် ပန်ခမ်းမြို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ စတုတ္ထအကြိမ်မျက်နှာစုံညီအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ အထူးဒေသ (၂) “ဝ’’ ပြည်နယ်အစိုးရဌာနချုပ် ပန်ခမ်းမြို့၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအစည်းအဝေးကို “ဝ’’ပြည်သွေးစည်းညီညွှတ်ရေးပါတီ/“ဝ’’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSP/UWSA)မှ ကမကထပြု ကျင်းပပြုလုပ်ပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ/ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (PSC/NDAA) မှ အထောက်အကူပြုပါသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ မြန်မာနိုင်ငံအမှန်တရားနှင့်မျှတမှုအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ/ရှမ်းပြည်နယ်အရှေ့ပိုင်းအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ “ဝ’’ပြည်သွေးစည်းညီညွှတ်ရေးပါတီ/“ဝ’’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSP/UWSA)စသည့် အဖွဲ့အစည်း (၇)ဖွဲ့မှ ကိုယ်စားလှယ်စုစုပေါင်း (၂၇)ဦး ဤအစည်းအဝေး၌ တက်ရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်များသည် အစည်းအဝေး၌ ရင်းနှီးပွင့်လင်းစွာ ဆွေးေ နွးညှိနှိုင်းပြီး အောက်ပါအတိုင်းဆုံးဖြတ်လိုက်သည်။ (၁) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ စတုတ္ထအကြိမ်မျက်နှာစုံညီအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် […]

Read Me

(၈) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ သို့ ပေးပို့ သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ၏ ဂုဏ်ပြုသ၀ဏ်လွှာ

(၈) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ သို့ ပေးပို့ သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ၏ ဂုဏ်ပြုသ၀ဏ်လွှာ
Read Me