အသိပေးနှိုးဆော်ခြင်း

အသိပေးနှိုးဆော်ခြင်း

ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ် ၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်   အသိပေးနှိုးဆော်ခြင်း   ယခုရက်ပိုင်းအတွင်း ပလက်ဝဒေသသို့ မြန်မာစစ်တပ်မှ မိမိတို့ ရက္ခိုင့်တပ်မတော်လှုပ်ရှားနယ်မြေများအား ထိုးစစ်အရှိန်မြှင့်လာသောကြောင့် တိုက်ပွဲကြီးများဖြစ်ပွားလာနိုင်သည်။ ထို့ကြောင့် နီးစပ်ရာ ဒေသခံ ရွာသူရွာသားများအနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်း နှင့် ပီချောင်းတစ်ဝိုက်တွင် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်နှင့် အကယ်၍ မဖြစ်မနေသွားရမည့် အခြေအနေများရှိလာလျှင်လည်း သတိကြီးစွာထားပြီး ဆင်ခြင်သွားလာကြရန် လေးစားစွာ အသိပေးအပ်ပါသည်။

Read Me Leave comment

ရက္ခိုင့်တပ်မတော် အကွန်ဆောင်ပနာဆက်ကြေးငွီကောက်ခံနီသူများသိဟိစီရန်

ရက္ခိုင့်တပ်မတော် အကွန်ဆောင်ပနာဆက်ကြေးငွီကောက်ခံနီသူများသိဟိစီရန်

ရက္ခိုင့်တပ်မတော် အကွန်ဆောင်ပနာဆက်ကြေးငွီကောက်ခံနီသူများသိဟိစီရန်   ၂၀၁၇ ခုနှစ်၊ဧပြီလ (၂၈ သို့မဟုတ် ၂၉) ရက်နိခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်ကျောက်ဆရီမြို့နယ်၊ “အင်းသုံးဆယ်”ရွာအတွင်းသို့ ဘက်တံဆိပ်တပ်ဆင်ထားခြင်းမရှိသော ပြောက်ကျားအစိမ်းကွက်ယူနီဖောင်း၊ဗမာစစ်တပ်ဝတ်ယူနီဖောင်းများကိုဝတ်ဆင်၍ ရက္ခိုင့်တပ်မတော်(AA)က ဟုပြောဆိုပြီး AA အကွန်ဆောင်၍ဆက်ကြေးငွီများကောက်ခံလားကြောင်းသိဟိရသည်။ မြုံအပါအဝင် အင်အား (၃၀) ခန့်ပါ၎င်းဆက်ကြေးကောက် ဓါးပြဂိုဏ်းသာသာအဖွဲ့သည် နယ်စပ်မှတ်တိုင် BP-53 / 54 ပတ်ဝန်းကျင်အနီးမှထွက်လာ၍ကောက်ခံလားခခြင်းဖြစ်သည်။

Read Me