၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက် နှင့် (၁၇) ရက်နေ့ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက် နှင့် (၁၇) ရက်နေ့ ရခိုင်ပြည်တိုက်ပွဲသတင်းများ








ရက္ခိုင့်တပ်မတော်

Unicode

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ တွင် ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ “ရေစိုးချောင်းကျေးရွာ” နှင့်” ရေဘုတ်ရွာ”အကြားတွင် နံနက် (၉) နာရီ (၅၀) မိနစ်အချိန်၌တိုက်ပွဲဖြစ်ပွားခဲ့သည်။၎င်းတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (မျက်မြင်-ထိခိုက်နှင့်ကျဆုံး) ၁ဝဦးခန့်အထိရှိခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)/(၁၆) ရက်များတွင် တိုက်ပွဲများမရှိခဲ့ပါ။

၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက် (၈) နာရီ (၃၀) မိနစ် နှင့် နေ့လယ် (၂) နာရီ (၄၂) မိနစ် အချိန် တို့တွင် ရသေ့တောင်မြို့နယ်၊ “ခရုချောင်းရွာ”နှင့် “သက်ပြေကျရွာ”အကြားတွင် ထိတွေ့တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက် (၈) နာရီ (၃၀) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ရွာတောင်ဘက် (၁.၅)ကီလိုမီတာခန့်အကွာအဝေးတွင်လည်း ဖေဖော်ဝါရီလ(၁၇) ရက်နေ့၏ တတိယမြောက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက် (၁၀) နာရီ (၂၀) မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ “သဲတောရွာ” နှင့်”ယိုးတရုပ်ရွာ”အကြားတွင် အရပ်သားကားများကိုအသုံးပြုကာ အရပ်သားအယောင်ဆောင်ပြီးသူရဲဘောကြောင်စွာ စစ်အင်အားဖြည့်တင်းနေသော ဗမာလက်နက်ကိုင်တပ်ဖွဲ့ဝင်များလိုက်ပါခဲ့သော ယာဉ်တန်းအားဝင်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းအရပ်သားကားနှစ်စီးအနက်မှ တစ်စီးသည် စစ်တွေ၊ကုတင်(၁၀၀) ဆေးရုံအတွင်းဝင်ရောက်ခဲ့သည်။

မိမိတို့ ULA/AA အနေဖြင့် ဗမာလက်နက်ကိုင်တပ်မှ အရပ်သားလုံခြုံရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းဥပဒေများကိုလိုက်နာခြင်းမရှိဘဲ အရပ်သားကားများကို အကာအကွယ်ယူကာ သွားလာနေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်တစ်စောင်ထုတ်ပြန်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့

One response to “၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက် နှင့် (၁၇) ရက်နေ့ ရခိုင်ပြည်တိုက်ပွဲသတင်းများ”

  1. Kozawzaw says:

    ရကိုင့်တပ်မတော် အောင်မြင်ပါစီ အဖရခိုင်ပြည်သူပြည်သာများ ဘေးကင်းပါစီ

Leave a Reply

Your email address will not be published. Required fields are marked *