၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း

၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း



ရက္ခိုင့်တပ်မတော်

Unicode
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက်နေ့တွင်နှစ်ဖက်ရင်ဆိုင်တိုက်ပွဲမရှိခဲ့သော်လည်း,ဇန်နဝါရီလ (၃၀)ရက် နေ့တွင်၊ပလက်ဝမြို့နယ်”ပကာဝရွာ” အနောက်တောင်ဖက်အနီး၌နံနက်(၁၀) နာရီ(၅၀) မိနစ်မှစတင်၍ (၁၁)နာရီ(၅၀) မိနစ်အထိတစ်နာရီခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။နယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့နှင့် ရက္ခိုင့်တပ်မတော်လှုပ်ရှားစစ်ကြောင်းတို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူဗမာစစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့် ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့လည်(၃) နာရီခန့်အထိရှိနေခဲ့သည်။ ယနေ့တိုက်ပွဲသည်လည်းပြင်းထန်သောတိုက်ပွဲဖြစ်ခဲ့ပြီးယနေ့တိုက်ပွဲအတွင်း ဗမာစစ်တပ်ဖက်မှ (၄)ဦး(မျက်မြင်)ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ(၁ဝဦးခန့်)များလည်းရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်စွန့်လွှတ်ခဲ့ရပြီး အလတ်စားဒဏ်ရာတစ်ဦးရရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်

Leave a Reply

Your email address will not be published. Required fields are marked *